စားသောက်ကုန်နှစ်မျိုးကို ဈေးကွက်မှပြန်ရုပ်သိမ်းရန် FDA သတိပေး
One News
Nov 25, 2026
အစားအသောက် ထပ်ဖြည့်ပစ္စည်း ပါဝင်မှု သတ်မှတ်ပမာဏထက် ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရတဲ့ စားသောက်ကုန်နှစ်မျိုးကို ဈေးကွက်ကနေ ပြန်လည်ရုပ်သိမ်းစေဖို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက နိုဝင်ဘာလ ၂၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ပါတယ်။
အဲဒီစားသောက်ကုန်နှစ်မျိုးကတော့ ရွှေညာသူ ပုန်းရည်ကြီးနဲ့ K&K ခွန်အားဖြည့် အချိုရည်တို့ ဖြစ်ပါတယ်။ အခု စားသောက်ကုန်တွေထဲမှာ အစားအသောက် ထပ်ဖြည့်ပစ္စည်း Benzoic Acid ပါဝင်မှုနဲ့ Sodium Cyclamate ပါဝင်မှုတို့ဟာ သတ်မှတ်ပမာဏထက် ကျော်လွန်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သတိပေးချက်မှာ ဖော်ပြ ထားပါတယ်။ ဒါကြောင့် အခုစားသောက်ကုန်နှစ်မျိုးကို ဈေးကွက်ကနေ ပြန်လည်ရုပ်သိမ်းဖို့ သတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
ဆိုးဆေးပါဝင်သည့် စားသောက်ကုန် ၄ မျိုးကို မသုံးရန် ကြေညာ
One News
Nov 25, 2026 13အစားအသောက်တွေမှာ သုံးစွဲခွင့် ပြုမထားတဲ့ ဆိုးဆေးတွေ ပါဝင်နေတဲ့ စားသောက်ကုန် ၄ မျိုးကို စားသုံးဖို့ မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက နိုဝင်ဘာလ ၂၅ ရက်မှာ အသိပေးကြေညာ ချက် ထုတ်ပြန်ပါတယ်။